Friday, June 28, 2019

ဒီမြောင်းကို ရှင်ကျော်နိုင်ပါ့မလား

ဒီမြောင်းကို – ရှင်ကျော်နိုင်ပါ့မလားတဲ့ ။ ။
တစ်ခါတုန်းက တစ်နယ်ရပ်ခြားဆီက
အပျို ကြီးတစ်ယောက် နဲ့ လူပျိုကြီးတစ် ယောက် ဟာ
ခရီးသွားရင်း ရင်းနှီးခဲ့ကြတယ် ။
သွားရမယ့် ခရီးကလဲတူ နေ တော့ စကား ပြောရင်း
အတူနားရင်းခရီးဆက် ခဲ့ကြသတဲ့။
ည နေရီမိုးချူ ပ် တဲ့အခါ ရောက် တဲ့အရပ် ဒေသက
နယ် မြို့ လေးတစ် မြို့မှာ ခရိးတစ် ထောက် နားရင်း
အိပ် စက် ဖို့အတွက်
တည်းခိုရမယ့်  နေရာလိုက် ရှာတဲ့အခါ
ရှားရှားပါးပါး တစ် ယောက် အိပ် ခန်းတစ် ခန်းသာကျန်
တော့တဲ့ တည်းခိုခန်းတစ် ခုကိုပဲ တွေ့သတဲ့ …
မတက် နိုင် တဲ့အဆုံး အဲဒီ့အခန်းမှာပဲ နှစ်ယောက်
အိပ် ဖို့အတွက် ဆုံးဖြတ် ခဲ့ကြရတယ် ။
အခန်းကကျဉ်းပြီး ကုတင် မပါတဲ့ တည်းခိုခန်းထဲမှာ
စောင် ပါး လေးတစ် ထည် နဲ့
ခေါင်းအုံးတစ် လုံးကိုအလယ် မှာချပြီး
လူပျို ကြီးနဲ့ အပျို ကြီးဟာ ဘယ် လူးညာလှိမ့် နဲ့
ညဉ့် နက် တဲ့အထိအိပ် မ ပျော်ကြပါဘူး။
လူပျို ကြီးရဲ့ သက် ပြင်းချသံ တွေကိုလဲ
အပျို ကြီးတစ် ယောက် ရင် တုန် အောင်
ကြားရလိမ့် မယ် ထင် ပါတယ် ။
အဲဒီအချိန် မှာပဲလူပျို ကြီးကအိပ် ရာက နေထလိုက် ပါတယ် ။
(အပျိုကြီးနဲနဲလန့်သွားတယ်ထင်ရဲ့ )
စောင် ပါး လေးကိုအသာယူပြီး နှစ် ယောက် ကြားမှာ
ခန်းစီးသ ဘောမျိုးကာထားလိုက် တယ် ။
စည်းခြားလိုက်တဲ့သဘောမျိုးထင်ပါရဲ့။
ဒီလိုနဲ့ မိုးလင်းခဲ့ပါတယ် ။
သူတို့နှစ် ယောက် ဟာစကားတစ် ခွန်းမှ မဆိုကြပဲ
ကိုယ့် အထုပ် ကိုယ် ဆွဲပီး ခရီးဆက် ခဲ့ကြပြန် ပါတယ် ။
ခရီးအ တော် အတန် ရောက် တဲ့အခါ
ငါး ပေ လောက် အကျယ် ရှိတဲ့
ရေ မြောင်းတစ် ခုဟာ သူတို့ရဲ့ခရီးကို
ကန့် လန့် ဖြတ် ပီးတားထားတယ် ။
အနီးဝန်းကျင် မှာလဲ
တံတားအဖြစ် အသုံးပြု စရာဘာမှမရှိ လေ တော့
လူပျိုကြီးက ဒီ ရေ မြောင်းကို ခုန် ကူးပီးတခြားဘက်
ရောက် မှ အပျိုကြီးကူးဖို့ တံတားထိုးစရာတစ် ခုခုရှာမယ် ပေါ့ …
အဲဒီ့လိုစိတ် ကူးနဲ့ပါလာတဲ့အထုပ် ကိုအပျိုကြီးကို ပေး
ခါး တောင်းကျိုက် ပြီး ခုန် ပြီးကူးမယ် ဟန် ပြင် တုန်း
တစ် လမ်းလုံးစကားတစ် ခွန်းမှ မ ပြောပဲ
အခုမှထေ ပြာတဲ့ အပျိုကြီးရဲ့စကား ကြောင့် 
ကိုလူပျို ကြီး ဖင် ထိုင် လဲကျသွားပါတယ် ။
အ ပျိုကြီး ပြောလိုက် တာက…..
ညတုန်းက စောင် ပါး လေးကို တောင် မ ကျော်နိုင် ပဲ
ဒီ မြောင်းကို ရှင် ကျော်နိုင် ပါ့မလားတဲ့ :p